Pages

Subscribe:

ခဏလောက်စောင့်ပေးပါ(ကဗျာ(၄))

moesachitthu | 1/31/2012 04:18:00 PM | Best Blogger Tips

“ အရမ်းချစ်တာပဲ ချစ်သူရယ် ”

ဆိုတဲ့စကားကို ချစ်သူရဲ့ နားလေးအနားကပ်ပြောချင်လို့
ခဏလောက်စောင့်ပေးပါ …. ချစ်သူ
ကို့ရဲ့ မပြည့်စုံသေးတဲ့ဘဝကို
ပြီးပြည့်စုံအောင် ပြင်ဆင်နေချိန်မို့လို့
ခဏလောက်စောင့်ပေးပါ … ချစ်သူ
တစ်ချိန်မှာ ချစ်သူဆီအရောက်လာမယ်ဆိုတဲ့
စိတ်ကူးလေးကို အကောင်အထည်ဖော်နေလို့
ခဏလောက်စောင့်ပေးပါ … ချစ်သူ
ကိုလိုချင်တာတွေ အားလုံးမရခဲ့ရင်တောင်
ရသလောက်လေးနဲ့ပဲ ပျော်ရွင်စွာနဲ့
နှစ်ယောက်တည်းကမ္ဘာလေးကို တည်ဆောက်ချင်လို့
ခဏလောက်စောင့်ပေးပါ … ချစ်သူ
ခဏလောက်စောင့်ပေးပါ … ချစ်သူ............. ( အဝေးရောက် ချစ်သူမှ )
      အင်တာနက်စာမျက်နှာမှတွေ့ရှိသောကဗျာတစ်ပုဒ်ဖြစ်ပါသည်။ရေသားသူမသိပါ။ခံစားချက်နှင့်တိုက်
ဆိုင်၍ ခံစားတင်ပြသည်...ချစ်သူသိပါစေ.....မိုးစက်ချစ်သူ။

0 comments:

Post a Comment

အင်တာနက်ပေါ်၌ လေ့လာတွေ့ရှိသမျှတို့အား ပြန်လည်ဝေမျှရန်အတွက်ပြုလုပ်ထားသော ဘလော့လေးဖြစ်ပါသည်။လိုအပ်သလို အကြံဥာဏ်ပေး
နိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။မိုးစက်ချစ်သူ......။

Related Posts Plugin for WordPress, Blogger...