ကျွုန်ုပ်ဘလော့ရေးသူကိုယ်တိုင်နေ့စဉ်ဘုရားရှိခိုးတိုင်းရွတ်ဆိုသောဂါထာဖြစ်ပါသည်။ဘုရားခုနှစ်ဆူအားမိမိ
ကိုယ်၌ဖြစ်တည်ရန်ရွတ်ဆိုပင့်လျှောက်သောဂါထာဖြစ်သည်။အားလုံးရွတ်ပွားကုသိုလ်ယူနိုင်ရန်တင်ပြ
ပေးလိုက်ပါသည်။
အစိေႏၱယ် အစိေႏၱယ် အပၸေမယ် အပၸေမယ် အနႏၱ ဇေဌသေဌအတုမရှိအတိုင်းမသိသော ကျေးဇူတော်
ဂုဏ်တော်အပေါင်းတို့၏ တည်ရာ စုဝေးရာဖြစ်တော်မူသော် မြတ်စွာဘုရား။
ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ စကြာဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်
အနန္တတို့နှင့် ပြည့်စုံတော်မူသော.....
၁။အရှင် ဝိပဿီ မြတ်စွာဘုရားကိုယ်တော်၊
၂။အရှင် သိခီ မြတ်စွာဘုရားကိုယ်တော်၊
၃။အရှင် ဝေဿဘူ မြတ်စွာဘုရားကိုယ်တော်၊
၎။အရှင် ကကုသန် မြတ်စွာဘုရားကိုယ်တော်၊
၅။အရှင် ကောဏာဂုဏ် မြတ်စွာဘုရားကိုယ်တော်၊
၆။အရှင် ကဿပ မြတ်စွာဘုရားကိုယ်တော်၊
၇။အရှင် ဂေါတမ မြတ်စွာဘုရားကိုယ်တော်၊
ဤ ၇-ဆူကုန်သော မြတ်စွာဘုရားကြီး အပေါင်းတို့သည် အကျွန်ုပ်တို့၏ အမြဲတည်ကြပါစေ ဦးခေါင်းထက်၌ကုန်သတည်း။
ဤ ၇-ဆူကုန်သော မြတ်စွာဘုရားကြီး အပေါင်းတို့သည် အကျွန်ုပ်တို့၏ ဝဲယာနှစ်ဖက်
ပခုံးထက်၌ အမြဲတည်ကြပါစေကုန်သတည်း။
ဤ ၇-ဆူကုန်သော မြတ်စွာဘုရားကြီး အပေါင်းတို့သည် အကျွန်ုပ်တို့၏ အဆုတ်အသည်း
နှလုံးထဲ၌ တည်ကြပါစေကုန်သတည်း။
(သူငယ်ချင်းများအားလုံး ၇-ဆူသောမြတ်စွာဘုရားရှင်ကိုယ်တော်မြတ် တို့၏တန်ခိုးတော်ကြောင့် ခပ်သိမ်း
သော် ကိစ္စဟူသမျှသည် ပီးမြောက်အောင်မြင် ပါစေသတည်း။)
0 comments:
Post a Comment
အင်တာနက်ပေါ်၌ လေ့လာတွေ့ရှိသမျှတို့အား ပြန်လည်ဝေမျှရန်အတွက်ပြုလုပ်ထားသော ဘလော့လေးဖြစ်ပါသည်။လိုအပ်သလို အကြံဥာဏ်ပေး
နိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။မိုးစက်ချစ်သူ......။