Pages

Subscribe:

မကိုဋ်ထွါတ်ဦး၊ အောင်ဆုထူး ဂါထာ

moesachitthu | 1/29/2012 02:52:00 PM | Best Blogger Tips

ရွှေကန်ရွာမှ ကျောင်းထိုင် ဆရာတော်ကြီးဦးဝါသဝမှအောင်မြင်မှုအလီလီဆွတ်ခူးရရှိစေနိုင်သော
“မကိုဋ်ထွါတ်ဦး၊ အောင်ဆုထူး ဂါထာ” ကို ချီးမြှင့်မိန့်ကြားသဖြင့် ရေးသားတင်ပြလိုက်ပါသည်။


သို့သော်---
သို့သော် ကြိုးစားပါလျက် ထိုက်သင့်သော လုံ့လဝီရိယနှင့် ပေးဆပ်ရင်းနှီးမှု ရှိပါလျက် အောင်မြင်မှု မရသူများ ဤဂါထာကို နေ့စဉ် (၉)ခေါက် ယုံကြည်စွာ ရွတ်ပါ။ ဂါထာ၏အစွမ်းကို အကျယ်ချဲ့ မတင်ပြလိုတော့ပါ။ လက်တွေ့အကျိုးထူးကို ကိုယ်တိုင် ရွတ်ဖတ်ကြည့်လျှင် သိရှိလာပါလိမ့်မည်။


“မကိုဋ်ထါတ်ဦး၊ အောင်ဆုထူး ဂါထာ”
ဇယစက္ကော ဇယန္တော ယော၊ ဇယိတဗ္ဗေ ဇယာသနေ။
ဇယာပေသိ ဇယေသိနံ၊ ဇယံ ဒေတု ဇယုတ္တရော။
အနက်---
ယော ယဇစက္ကော-ပါရမီတော်ဆယ်ချက်အောင်လက်နက်ပိုင်ရှင်အကြင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်။
ဇယာသနေ-အောင်သိဒ္ဓိဆင်မြန်းသည့် ပလ္လင်နန်းမှန်ကင်း အောင်ဗောဓိပင်ရင်း၌။
ဇယိတဗ္ဗေ-အောင်အပ်သည့်တရား မာရ်ငါးပါးတို့ကို။ 
ဇယန္တော-အကြွင်းမဲ့ချေမှုန်းလျက် ဖျက်ဖြုန်းကာပယ်ရှင်း၍ အောင်ခြင်းကြီး အောင်တော်မူခဲ့လေပြီ။
ဇယေသီနံ-မြတ်နိဗ္ဗာန်အောင်ခန်းနှင့် အောင်ဘိသိက်ပန်းမဂ်ဖိုလ်ကို များထိုထို ဝဋ်အတွင်းမှ လွတ်ကင်းအောင် အာသာကြီးဖြင့် ရှားမှီးကာ နေကြသူတို့အား။
ဇယာပေသိ-ကိုယ်တော်မြတ်နှင့်အတူ အောင်ပန်းကိုဆွတ်ချူ၍ ထွတ်အငူ အမြိုက်ဓာတ်သို့ ဆိုက်ကပ်တော် မူစေ၍ အောင်စေတော်မူလေပြီ။
ဇယုတ္တရော-အောင်သူတကာတို့၏မှန်ကင်း အောင်ခြင်းတကာတို့၏ ဦးသျှောင် ထွတ်ခေါင်မြတ်သရဖူ သယမ္ဘူမကိုဋ်ထီး အောင်ပွဲဝင်ပုဂ္ဂိုလ်ကြီး ဖြစ်ပေထသော။
သော ဇယစက္ကော-အလုံးစုံအောင်ခြင်းနှင့် ပြည့်စုံတော်မူသော ထိုဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်။ 
မေ-မြတ်နိဗ္ဗုအောင်ပန်းကို ဆွတ်ချူရန် လက်လှမ်း၍ ကြိုးပမ်းကာ အာသာကြီးဖြင့် ရှာမှီးသူအကျွန်ုပ်အား။
ဇယံ-အောင်ခြင်းကို (ဝါ) အောင်ပန်းဝေမြိုင် အောင်ဖူးတွေ ကြိုင်လှိုင်သည့် အောင်သိဒ္ဓိပန်းခိုင်ကြီးကို။ 
ဒေတု-ပေးသနားတော်မူပါဘုရား။


လက်တွေ့ရွတ်ဖတ် အောင်မြင်မှု ရရှိကြပါစေသော်။

0 comments:

Post a Comment

အင်တာနက်ပေါ်၌ လေ့လာတွေ့ရှိသမျှတို့အား ပြန်လည်ဝေမျှရန်အတွက်ပြုလုပ်ထားသော ဘလော့လေးဖြစ်ပါသည်။လိုအပ်သလို အကြံဥာဏ်ပေး
နိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။မိုးစက်ချစ်သူ......။

Related Posts Plugin for WordPress, Blogger...