ဒီဂါထာလေးကလည်း ကျွန်တော်အမြဲရွတ်ဖတ်နေကျ ဂါထာလေးဖြစ်တဲ့အတွက် မသိသေးတဲ့ မိတ်ဆွေ
သူငယ်ချင်းများအတွက် မေတ္တာထား၍ တင်ပြပေးလိုက်ပါတယ်။
အစိန္တေယျ အစိန္တေယျ အပ္ပမေယျ အပ္ပမေယျမကြံဆမနှိုင်းယှဉ်ကောင်းသောဂုဏ်တော်အပေါင်း
အနန္တတို့နှင့် ပြည့်စုံတော်မူပေသော မြတ်စွာဘုရား။
အရဟံ။ ။လွန်ကဲထူးမြတ်သော သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် ၀ိမုတ္တိဂုဏ် ၀ိမုတ္တိဉာဏဒဿနဂုဏ်
တို့နှင့် ပြည့်စုံတော်မူသောကြောင့် လူ နတ် ဗြဟ္မာ သတ္တဝါ အပေါင်း၏ ပူဇော်အထူးကို ခံယူ
တော် မူပေသောမြတ်စွာဘုရား။
အရဟံ။ ။ဝါသနာနှင့်တကွ တစ်ထောင့်ငါရား ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူ
မူပေသောမြတ်စွာဘုရား။
အရ-ဟံ။ ။လောဘ ဒေါသ မောဟ အစရှိသော ကိလေသာရန်သူတို့ကို ပယ်သတ်တော်မူပြီးသော မြတ်
စွာဘုရား။
အရ-ဟံ။ ။သံသရာစက်၏ အထောက်အကံတို့ကို ချိုးဖျက်တော်မူပီးသော မြတ်စွာဘုရား။
အ-ရဟံ။ ။မျက်မှောက်မျက်ကွယ်အခါခပ်သိမ်းစင်ကြယ်၍ဆိတ်ကွယ်ရာ မရှိတော်မူသော မြတ်စွာဘုရား။
အရဟံ၊အရ-ဟံ၊အ-ရဟံ ဂုဏ်တော် အပေါင်းတို့နှင့် ပြည့်စုံတော်နှင့် ပြည့်စုံတော်မူသော သက်
တော်ထင်ရှား သဗ္ဗညုတ မြတ်စွာဘုရားကို ဘုရားတပည့်တော်သည် ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူ
ဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။
(သူငယ်ချင်းများအားလုံး အရဟံဂုဏ်တော်မြတို့၏ တန်ခိုးတော်ကြောင့် ခပ်သိမ်းသော် ကိစ္စဟူသမျှသည် ပီးမြောက်အောင်မြင် ပါစေသတည်း။)
မှတ်ချက်။ ။အရ-ဟံ တွင် အရကိုအရွတ်ဖတ်ပါ..ပီမှ ဟံကိုဆက်၍ရွတ်ပါ။အ-ရဟံ တွင် အ ကိုအရင်ရွတ်ပါ
ပီးမှ ရဟံ ကိုဆက်ရ၍ရွတ်ပါ။
0 comments:
Post a Comment
အင်တာနက်ပေါ်၌ လေ့လာတွေ့ရှိသမျှတို့အား ပြန်လည်ဝေမျှရန်အတွက်ပြုလုပ်ထားသော ဘလော့လေးဖြစ်ပါသည်။လိုအပ်သလို အကြံဥာဏ်ပေး
နိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။မိုးစက်ချစ်သူ......။