"နင် နဲ့ ငါ"
"ချစ်သူ မိုးပေးမယ့် ကောင်းကင်ဟာ
အဖြုပဲ ဖြစ်ဖြစ် အနက်ပဲ ဆိုဆို
အတူတွဲထားတဲ့ လက်တစ်စုံနဲ့
ငါတို့ ရဲ့ သုံးရာသီ အနာဂတ်တွေကို
နွေးထွေးစေမယ်…
ချစ်သူ တည်မယ့် ကမ္ဘာမှာ
နေ လ နဲ့ ကြယ် တစ်စင်းမှ မလင်းဖြစ်ရင်တောင်
ချစ်သူ မျက်ဝန်း အလင်း နဲ့
ကိုယ်လျှောက်မယ့်လမ်း ကိုယ်ရေးခြယ်ကြမယ်
တကယ်ပါ ချစ်သူရယ်
တို့်နေမယ့် တို့နေရာမှာ
နင် ငါ့ကို ချစ်နေဖို့ နဲ့
ငါ နင့်ကို ချစ်နေတယ် ဆိုတာ
နင် ယုံကြည်ပေးဖို့ ဒီ နှစ်ခုသာ လိုပါတယ်"
အင်တာနက်စာမျက်နှာမှတွေ့ရှိသောကဗျာတစ်ပုဒ်ဖြစ်ပါသည်။ရေသားသူမသိပါ။ခံစားချက်နှင့်တိုက်
ဆိုင်၍ ခံစားတင်ပြသည်...ချစ်သူသိပါစေ.....မိုးစက်ချစ်သူ။
ဆိုင်၍ ခံစားတင်ပြသည်...ချစ်သူသိပါစေ.....မိုးစက်ချစ်သူ။
0 comments:
Post a Comment
အင်တာနက်ပေါ်၌ လေ့လာတွေ့ရှိသမျှတို့အား ပြန်လည်ဝေမျှရန်အတွက်ပြုလုပ်ထားသော ဘလော့လေးဖြစ်ပါသည်။လိုအပ်သလို အကြံဥာဏ်ပေး
နိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။မိုးစက်ချစ်သူ......။