ကျွန်တော်တို့ Keyboard မှာပါတဲ့ Function Key လေးတွေကို တော်တော်များများအသုံးပြူတာ နည်းကြပါတယ်။ဘာပဲပြောပြောFunction Key လေးတစ်ချက် နှိပ်လိုက်တာနဲ့ မိမိလိုချင်တဲ့ နေရာလေး တစ်ခါတည်း ရောက်သွားမယ်ဆို ဘယ်သူမဆိုနှိပ်ချင်မှာပဲထင်လို့ပါ။ ဒါကြောင့် Window 7 မှာ Function Key လေးတွေ ဘယ်လိုလုပ်သလဲဆိုတာသိထားရင်တစ်ဖက်တစ်လမ်းကအထောက်အကူပြုမယ် ထင်လို့ပါ။
လေးကို ရောက်သွားပါလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း Desktop ပေါ်မှာရှိတဲ့ တစ်ခုခုကို Select ပေးပြီး F1 နှိပ်လိုက်တာနဲ့WindowHelp and Support box လေးကျလာပါလိမ့်မယ်။ အဲ့ဒီမှာ Window 7 နဲ့ဆိုင်တဲ့ tutorial တွေ Tools လေးတွေအကြောင်းနဲ့ပြဿနာတွေ ဘယ်လိုဖြေရှင်း ရမလဲဆိုတာတွေ လမ်းညွှန်ထားတဲ့ နေရာလေးပါ။ တကယ်ကို အသုံးဝင်ပါတယ်။
F1
တကယ်လို့များ MS Office တွေများ သုံးနေရင်းနဲ့ တစ်ခုခု အကူအညီလိုရင် F1 လေးနှိပ်လိုက်တာနဲ့ Help and SupportCenterလေးကို ရောက်သွားပါလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း Desktop ပေါ်မှာရှိတဲ့ တစ်ခုခုကို Select ပေးပြီး F1 နှိပ်လိုက်တာနဲ့WindowHelp and Support box လေးကျလာပါလိမ့်မယ်။ အဲ့ဒီမှာ Window 7 နဲ့ဆိုင်တဲ့ tutorial တွေ Tools လေးတွေအကြောင်းနဲ့ပြဿနာတွေ ဘယ်လိုဖြေရှင်း ရမလဲဆိုတာတွေ လမ်းညွှန်ထားတဲ့ နေရာလေးပါ။ တကယ်ကို အသုံးဝင်ပါတယ်။
F2
အားလုံးသိပြီးတဲ့အတိုင်း Folder တွေကို Select လုပ်ပြီး F2 နှိပ်ပြီး Rename ပေးလို့ရပါတယ်။F3 ကတော့Search သဘောတရားလေးပါ။ Start bar မှာပါတဲ့ function လေးအတိုင်းပါပဲ။ မိမိစက်ထဲမှာရှိတဲ့အရာတွေကိုရှာဖွေလို့ ရပါတယ်။
F4 ကတော့ Browser တွေဖွင့်ထားရင် Address Bar မှာရှိတဲ့ Address ကို Select လုပ်ပေးပြီးသား ဖြစ်သွားပါတယ်။တကယ်လို့FOLDER ဖွင့်ထားပြီး F4 နှိပ်လိုက်ရင်တော့ မိမိ FOLDER ရှိတဲ့ Path ကိုပြပေးမှာ ဖြစ်ပါတယ်။
F5
REFRESH လုပ်ပေးပါတယ်။ တကယ်လို့ Browser တွေဖွင့်ထားတယ် ဆိုရင်လည်း Refresh လုပ်ပေးပါတယ်။ RightClick မှာပါတဲ့Refresh နဲ့တူတူပါပဲ။
F6 ကတော့ Browser ဖွင့်ထားခဲ့ရင် Browser ထဲမှာရှိတဲ့ Item လေးတွေကို Tab အနေနဲ့ တစ်ခုကနေတစ်ခုကူးပြောင်းပေးပါတယ်။ FOLDER ဖွင့်ထားမယ်ဆိုရင်လည်း FOLDER ထဲမှာရှိတဲ့ Item တစ်ခုမှတစ်ခုကိုကူးပြောင်းပေးပါတယ်။
F10 ကတော့ Browser မှာရှိတဲ့ MENU Bar လေးကို ဖော်ချင် ဖျောက်ချင်ရင် သုံးတဲ့ KEY လေးပါ။ GOOGLE Chrome တို့ IE9 တို့မှာ MENU Bar လေးမြင်ချင်ရင် F10 လေးသာ နှိပ်ပေးလိုက်ပါ။
F11 ကတော့ Full Screen မြင်ချင်ရအောင် ကူညီပါတယ်။ BROWSER ဒါမှမဟုတ် FOLDER ဖွင့်ထားလို့ Full Screen မြင်ချင်ရင်
F11 လေးသာနှိပ်လိုက်ပါ။ ပုံမှန်အတိုင်း ပြန်ခေါ်ချင်ရင်လည်း F11 ပဲပြန်နှိပ်ပေးလိုက်ပါ။
F7,F8,F9,F12 တို့ကတော့ ခုချိန်ထိ မသတ်မှတ်ရသေးပါဘူး။
သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေနော်။
0 comments:
Post a Comment
အင်တာနက်ပေါ်၌ လေ့လာတွေ့ရှိသမျှတို့အား ပြန်လည်ဝေမျှရန်အတွက်ပြုလုပ်ထားသော ဘလော့လေးဖြစ်ပါသည်။လိုအပ်သလို အကြံဥာဏ်ပေး
နိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။မိုးစက်ချစ်သူ......။