Pages

Subscribe:

သင့်Computer ထဲမှာ သင်မကြည့်ဖူးသေးတဲ့ ဇာတ်ကားရှိနေတယ်ဆိုတာကို ယုံလား ?

moesachitthu | 8/13/2011 01:22:00 PM | Best Blogger Tips
ကျွန်တော် ဒါလေးကို သိပြီးပြီးချင် ကိုယ့်ကိုယ်ကို ဘယ်လောက်အံသြတယ်ဆိုတာကို စာဖတ်သူတို့ကို တွေစေချင်ပါတယ် ။ နည်းပညာကို တော်တော် အံသြသွားပါပြီဗျာ ။ တော်တော်လည်း စိတ်ဝင်စားသွားပါပြီ ။ ဘယ်ကနေ ဘယ်လိုဖြစ်နေမှန်းကို မသိတော့ပါဘူး ။ကဲပြောနေကြာတယ်ဗျာစကြရအောင် နည်းပညာစိတ်ဝင်း
စားတဲ့သူငယ်ချင်းတွေအတွက်ကတော့ ရွှေပဲပေါ့ဗျာ။ ပထမဆုံး Control Panel\All Control Panel Items\Programs and Features ပဲ အစဉ်လိုက်သွားပါဗျာ ။ ပြီးရင်တော့ ဘေးဘက်က Turn Window  Features on or of ကို နိပ်လိုက်ပါ ။




ကျွန်တော်က Window7 သုံးတော့ အဲဒီတိုင်းပဲရေးလိုက်တာပါဗျာ ။ ကျန်တဲ့ ဝင်းဒိုးကို သုံးရင်တော့ ကိုယ့်ဖာသာကိုယ် ကြည့်ရှာလိုက်ပါဗျာ ။ ကျွန်တော် မတတ်နိုင်လို့ပါ ။ ပြီးရင် Box လေးတစ်ခုတက်လာမယ် ။ အဲဒီမှာ အောက်က ပုံအတိုင်းဖြည့်ပေးလိုက်ပါ ။ Telnet Client ကို အစက်ဖြည့်ပြီး အိုခေ လိုက်ပါ ။ ဒါတွေ နည်းနည်းတော့ စောင့်ရမယ်နော် ။

ကဲ ဒီအဆင့်ပြီးရင်တော့ ကျန်တဲ့ အဆင့်က လွယ်ပါပြီ ။ Run box ကို ဖွင့်ပြီး
                             telnet towel.blinkenlights.nl
ဒီစာသားတွေကို ရိုက်ထည့်ပြီး အိုခေလိုက်ပါ ။



ဇာတ်ကားကို စတင်ကြည့်ရှု့နိုင်ပါပြီ ။ဇာတ်ကား နမူနာလေးကိုလည်း ကြည့်ကြပါဦးဗျ ။




မှတ်ချက်။။ပွင့်ပွင့်လင်းလင်းပြောရရင်ကျွန်တော်တွေ့တွေ့ချင်းချင်းသူငယ်ချင်းများသိအောင်တင်ပေးလိုက်ပါ။ကျွန်တော်လုပ်ကြည့်ပါတယ် ဘာကြောင့်လဲတော့မသိဘူးဗျာကြည့်လို့မရဘူး။ကျွန်တော်စက်မှာတော့မရဘူးသူငယ်ချင်းတွေရဲ့စက်မှာလုပ်ကြည့်ပါအဆင်ပြေရင်တော့ပြောခဲ့အုံးဗျာ...အားလုံးအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ဗျာ။

0 comments:

Post a Comment

အင်တာနက်ပေါ်၌ လေ့လာတွေ့ရှိသမျှတို့အား ပြန်လည်ဝေမျှရန်အတွက်ပြုလုပ်ထားသော ဘလော့လေးဖြစ်ပါသည်။လိုအပ်သလို အကြံဥာဏ်ပေး
နိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။မိုးစက်ချစ်သူ......။

Related Posts Plugin for WordPress, Blogger...