Pages

Subscribe:

Windows 7 Personalize ပြဿနာ

moesachitthu | 7/25/2011 05:26:00 PM | Best Blogger Tips
ကျွန်တော်ဒီနေ့တင်ပြပေးမှာကတော့ windows 7 personalize problem လေးပါ။ကျွှန်တော်တို့ Windows 7 သုံးတဲ့အခါ အမျိုးအစားတွေ အများကြီးရှိတဲ့ အနက်မှ Windows 7 Starter တို့ Windows 7 Home
Basics တို့သုံးကြတဲ့အခါ Dsktop မှာ Right Click ထောက်ကြည့်တဲ့အခါ Personalize မပါလာတာကို တွေ့ရတတ်ပါတယ်။
သာမန်အားဖြင့်ဆို Right Click ထောက်ပြီး မိမိတို့ လုပ်ချင်တဲ့ အရာတွေကို လုပ်လို့ရနိုင်ပါတယ်။ ဥပမာ Folder, Icons တွေမှာ
မြန်မာလို Name ပေးထားပြီး မပေါ်ရင် Personalize လေးကိုနှိပ်ပြီး ပြောင်းလေ့ရှိကြပါတယ်။ အခုကျွှန်တော် ဝေမျှချင်တာကတော့
Personalize မပါတဲ့ Windows တွေမှာ Personalize မှာလုပ်လို့ရတဲ့ အရာတွေဖြစ်တဲ့ themes, background, sounds, screen
saver, mouse pointer, desktop icons အစရှိတဲ့ အရာတွေကို မိမိစိတ်ကြိုက် လုပ်လို့ရတဲ့ နည်းလမ်းလေးတွေပါ။ တကယ်လည်း
အသုံးလိုမယ်ထင်လို့ မေးတတ်ကြလို့ လုပ်နည်းလေးတွေကို အောက်မှာ တင်ပြလိုက်ပါတယ်။ အားလုံးအဆင်ပြေမှာပါ။
လုပ်နည်းများ
Change System Sound ပြောင်းနည်း
1. ပထမဆုံး Start Menu ရဲ့ Search Box လေးမှာ Change Sound လို့ရိုက်လိုက်ပါ။ Sound နဲ့ ပက်သက်တဲ့
အကြောင်းအရာလေးတွေ ကျလာပါလိမ့်မယ်။ ကျလာတဲ့ အထဲကမှ Change System Sound ကို Click နှိပ်လိုက်ပါ။
2. Click နှိပ်လို့ ကျလာတဲ့ Sound ဆိုတဲ့ Box လေးထဲကမှ မိမိပြောင်းချင်တဲ့ အသံလေးတွေကို ပြောင်းလို့ရနိုင်ပါတယ်။
Screen Saver ပြောင်းနည်း
ပထမဆုံး Start Menu ရဲ့ Search Box လေးမှာ Change screen saver လို့ရိုက်လိုက်ပါ။ ကျလာတဲ့ Box လေးထဲကနေ
မိမိစိတ်ကြိုက် Screen saver ပြောင်းနိုင်ပါတယ်။
Color Scheme ပြောင်းနည်း
1. ပထမဆုံး Start Menu ရဲ့ Search Box လေးမှာ theme လို့ရိုက်လိုက်ပါ။ ပေါ်လာတဲ့ အထဲကမှ Change the color scheme
ကို Click လိုက်ပါ။
2. Click နှိပ်လို့ ကျလာတဲ့ Window Color and Appearance Box လေးထဲကမှ မိမိစိတ်ကြိုက် theme ကို ပြောင်းနိုင်ပါတယ်။
Folder name, Icons မြန်မာလို ပေါ်အောင်ပြောင်းနည်း (သို့) Windows Background ပြောင်းနည်း
1. ပထမဆုံး Start Menu ရဲ့ Search Box လေးမှာ theme လို့ရိုက်လိုက်ပါ။ ပေါ်လာတဲ့ အထဲကမှ Change the color scheme
ကို Click လိုက်ပါ။
2. Click နှိပ်လို့ ကျလာတဲ့ Window Color and Appearance Box ထဲကမှ Advance ကိုနှိပ်လိုက်ပါ။
3. ထပ်ကျလာတဲ့ Windows Color and Appearance ထဲကနေ မိမိစိတ်ကြိုက် ပြောင်းနိုင်ပါတယ်။
Desktop Icons စိတ်ကြိုက်ထားနည်း
1. ပထမဆုံး Start Menu ရဲ့ Search Box လေးမှာ icons လို့ရိုက်လိုက်ပါ။ ပေါ်လာတဲ့အထဲမှ Show or Hide common icons on
the desktop ကို Click လိုက်ပါ။
2. ကျလာတဲ့ Desktop Icon Setting ထဲကနေ မိမိစိတ်ကြိုက် Icons လေးတွေ ထားလို့ရပါတယ်။
3. Change Icon ဆိုတာလေးကို Click ပြီးတော့လည်း မိမိစိတ်ကြိုက် ပြောင်းလို့ရပါတယ်။
Mouse Pointers ပြောင်းနည်း
1. ပထမဆုံး Start Menu ရဲ့ Search Box လေးမှာ icons လို့ရိုက်လိုက်ပါ။ ပေါ်လာတဲ့ အထဲကမှ Change how the mouse
pointer looks ကို Click နှိပ်လိုက်ပါ။
2. ကျလာတဲ့ Mouse Properties ဆိုတဲ့ Box လေးထဲကနေ မိမိစိတ်ကြိုက် Mouse Pointer လေးတွေ ပြောင်းနိုင်ပါတယ်။

အားလုံးအဆင်ပြေကြပါစေနော်။

0 comments:

Post a Comment

အင်တာနက်ပေါ်၌ လေ့လာတွေ့ရှိသမျှတို့အား ပြန်လည်ဝေမျှရန်အတွက်ပြုလုပ်ထားသော ဘလော့လေးဖြစ်ပါသည်။လိုအပ်သလို အကြံဥာဏ်ပေး
နိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။မိုးစက်ချစ်သူ......။

Related Posts Plugin for WordPress, Blogger...