Pages

Subscribe:

ဒစ်ဂျစ်တယ်ပစ္စည်းလုပ်ဆောင်မှု့များနှင့် ပြဿနာဖြေရှင်းခြင်း (myarnmar version)

moesachitthu | 2/19/2012 01:37:00 AM | Best Blogger Tips

       ဒစ်ဂျစ်တယ်ပစ္စည်းလုပ်ဆောင်မှု့များနှင့် ပြဿနာဖြေရှင်းခြင်း  စာအုပ်ကတော့ သန်းထိုက်(ရွှေရိပ်)ရေး
သားပါတယ်။မြန်မာနိုင်ငံမှာအခုဆိုရင်  လူတိုင်းနီးပါးလောက် သုံးကြပါတယ် mp 4 ၊mp 3၊
usb memory strick၊
ipod and pone စသည်ဖြင့်လူတော်တော်များသုံးနေကြပါတယ်။နိုင်ငံခြားရောက်မြန်မာတွေ အနေနဲ့လည်းလက်ကိုင်ဖုန်းတွေကို တွင်တွင်ကျယ်ကျယ်သုံးနေတာတွေ့ရပါတယ်။တကယ်လို့များ  ကိုယ်သုံးနေတဲ့ ဖုန်းပဲဆိုကြပါစို့ တစ်ခုခုဖြစ်ခဲ့ရင် အလွယ်တကူ ကိုယ်နိုင်သလောက် ပြင်လို့ ကြည့်လို့ရဖို့ ဒီစာအုပ်လေးကိုတော့သေချာပေါက်လေ့လာသင့်တယ်လို့ အကြံပေးချင်ပါတယ်။ဒီစာအုပ်လေးမှာတော့ ခေါင်းစဉ်ကြီးအားဖြင့်၁၀ ပိုင်းပါရှိပါတယ်။
အခန်း(၁)။                     ။INSTALLER AND CD AND FILE FORMAT
အခန်း(၂)။                     ။MP 3 ,MP 4 PLAYER GUIDE
အခန်း(၃)။                     ။RECOVERY
အခန်း(၄)။                     ။AMV VIDEO CONVERT
အခန်း(၅)။                     ။Im TOO All-in-one CONVERT
 အခန်း(၆)။                    ။Nokia MULTIMEDIA CONVERT
 အခန်း(၇)။                    ။Easy CD-DA EXTRACTOR
 အခန်း(၈)။                    ။Removeable disk data
အခန်း(၉)။                     ။Virus conver control and Problem cleaning
အခန်း(၁၀)။                   ။Virus scan

အားလုံးအဆင်ပြေကြပါစေခင်ဗျာ။ဤစာအုပ်လေးကိုတော့ ကိုနေမင်းမောင် ဆိုဒ်မှယူလာခဲ့တာပါ။ကိုနေမင်း
မောင် အားဒီနေရာကနေ ခွင့်တောင်းလိုက်ပါတယ်ခင်ဗျာ။

ဆက်ဖတ်ရန်>>>

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀

moesachitthu | 2/19/2012 01:13:00 AM | Best Blogger Tips
         

       ဒီဓာတ်ပုံဟာ ဟားဗတ်တက္ကသိုလ် စာကြည့်တိုက်ရဲ့ နံနက် ၄ နာရီ ပါ။ တော်တော်လေးကောင်းလို...့ ဘာသာပြန်ပေး လိုက်တာပါ။ အောင်မြင်မှုရရှိခဲ့သူတွေရဲ့နောက်ကွယ်မှာ ဘယ်လောက်ထိ ကြိုးစားအားထုတ်ခဲ့ရတာရှိသလဲဆိုတာကို ဒါလေးကသက်သေ ပြနေပါတယ်။ ဟားဗတ်တက္ကသိုလ်ကဆရာတွေ ပြောပြလေ့ရှိတာကတော့ သင်ဘ၀မှာစိတ်တိုင်းကျဖို့နဲ့ ကောင်းတဲ့ဝေဖန်မှုရချင်ရင်တော့ ဟားဗတ်တက္ကသိုလ်မှာ ပညာသင်နေတဲ့အချိန်နေရောင်နဲ့ ထိတွေ့ဖို့အချိန်မရှိဘူး။ကမ္ဘာ့ထိပ်ဆုံးကျောင်းတစ်ကျောင်းအနေနဲ့ ဟားဗတ်က နာမည်ကြီးပုဂ္ဂိုလ်တွေ အများကြီးမွေးထုတ်ပေးခဲ့တယ်။ အဲ့ထဲမှာ နိုဘယ်လ်ဆုရှင် ၃၃ဦး၊ အမေရိကန်သမ္မတ ၇ဦး နဲ့ နယ်ပယ်အသီးသီးက ထူးချွန်ထက်မြတ်သူတွေပါတယ်။ ဘာကြောင့် ဟားဗတ်ဟာ သူတို့ရဲ. မွေးရပ်ဇာတိဖြစ်နေတာလဲ။ ဟားဗတ်ကျောင်းသားတွေဟာ ဘယ်လို စိတ်ဓာတ် နဲ.တွေးခေါ်မှုတွေကိုရရှိခဲ့ ကြတာလဲ။ ဒီအဖြေကိုလူပေါင်းများစွာ လိုက်ရှာနေကြတယ်။
ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံမှာ ရေးထားတဲ့ ဆုံးမစာလေးကတော့ အဖြေပေးပါလိမ့်မယ်။ တိုတောင်းတဲ့ စာသားလေးတွေဟာ လေးနက်တဲ့တွေးခေါ်မှု တွေပေးပြီး စိတ်ဓာတ်တက်ကြွစေတယ်။
ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာကတော့…
၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။
၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။
၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။
၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။
လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။
၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။
၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။
၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။
၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။
၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။

 အင်တာနက်ပေါ်မှ တွေ့ရှိသော အားဖြည့်စာပိုဒ်လေး ဖြစ်ပါသည်။အရမ်းကြိုက်၍ ဗဟုသုတ ရရှိခြင်း အကျိုး
ငှာ တင်ပြပါတယ်.....မိုးစက်ချစ်သူ။
ဆက်ဖတ်ရန်>>>

Face book အသုံးပြုနည်းစာအုပ်(myanmar version)

moesachitthu | 2/19/2012 01:01:00 AM | Best Blogger Tips

          Face book အသုံးပြုနည်းစာအုပ်လေးပါ။ရေးသားသူကတော့ စုကြည်ထွေး ရေးသားပါတယ်။
အပိုင်းအားဖြင့်တော့ (၂၅) ပိုင်းပါရှိတယ်။ဥပမာတစ်ချို့ကိုထုတ်နုတ်ပြရရင်.........
အပိုင်း(၂၅)။   ။Face book  တွင် shortcut  အသုံးပြုနည်း
အပိုင်း(၂၃)။   ။Face book တွင်  Game ကစားနည်း
အပိုင်း(၁၈)။   ။Account setting အကြောင်း
အပိုင်း(၄)။   ။Login ၀င်လို့ရပီသုံးမရတဲ့ ပြဿနာ  စသည်ဖြင့် တစ်ခြားသော အသုံးပြုနည်းများစွာဖြင့် ရေးဖွဲ့
ထားပါတယ်။သုံးနေကျလူတွေအနေနဲ့လည်း မသိသေးတဲ့ feature တွေ၊စသုံးတဲ့သူငယ်ချင်းတွေအနေနဲ့လည်း
လွယ်ကူစွာသုံးနိုင်မှာပါ။သူငယ်ချင်းများအားလုံး အဆင်ပြေကြပါစေခင်ဗျာ။


                   
ဆက်ဖတ်ရန်>>>

Photoshop cs 5 အသုံးပြုနည်း (myanmar version)(myanmar version)

moesachitthu | 2/19/2012 12:46:00 AM | Best Blogger Tips

  ဖိုတိုရှော့ cs 5 စာအုပ်လေးကတော့ အရမ်းသုံးဝင်မှာပါ။အခုခေတ်ကြီးမှာ လူတော်တော်များဟာ ဖိုတိုရှော့
ရည်ရွယ်ချက်အမျိုးမျိုးနဲ့ အသုံးချလာကြပါတယ်။ဒီစာအုပ်လေးကတော့ cs 5 ရဲ့ feature အသစ်လေးတွေ၊tool
သုံးပုံသုံးနည်းလေးတွေကို သေသေချာချာရှင်းပြထားပါတယ်။ကဲအောက်မှာသာဒေါင်းသွားလိုက်ပါနော်။သူ
ငယ်ချင်းများအားလုံး အဆင်ပြေကြပါစေနော်။

ဆက်ဖတ်ရန်>>>

အသားစာရင်သတိထား...အစားတစ်လုပ်အတွက်..အသက်တစ်ချောင်း.......

moesachitthu | 2/19/2012 12:20:00 AM | Best Blogger Tips

ဒီဗီဒီယိုဖိုင်လေးကြည့်ပီးတော့ တစ်ခုခုရရင်ကျေနပ်ပါတယ်ခင်ဗျာ။



ဆက်ဖတ်ရန်>>>
Related Posts Plugin for WordPress, Blogger...